International News

ထိုင်းအစိုးရအနေဖြင့်အထူးစီးပွားရေးဇုန် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းရန်စီစဉ်

Last Updated:

  ထိုင်းအစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်များကိုကြီးကြပ်ရန်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးရုံး ကိုဖွင့်လှစ် ထားပါသည်။ ဒုတိယဝန်ကြီးချုပ်မစ္စတာဆုန်ကစ်က ပြောကြားရာတွင် အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အနေ ဖြင့် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်ရုံး (Office of the Eastern Economic Corridor)အားအထူးစီးပွားရေးဇုန်ရုံး(Office of the Special Economic Zone) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး လေ့လာတင်ပြရန်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ၎င်း၏ တာဝန်များမှာ အနာဂတ်တွင်ပေါ်ပေါက်လာမည့်တောင်ပိုင်းစီးပွားရေးစင်္ကြန် (the Future Southern Economic Corridor)၊ မြောက်ပိုင်းရှိ Lanna Creative Corridor နှင့် အရှေ့ပိုင်းနှင့် အလယ်ဗဟိုဧရိယာရှိ Bio-Economic Corridor တို့အပါအဝင် အထူးစီးပွားရေးဇုန်အားလုံးအား ဂရုစိုက် ကြီးကြပ်ရန်ဖြစ်ပါသည်။

 မစ္စတာ ဆုန်ကစ်က အစိုးရ အနေဖြင့် အထူးစီးပွားရေးဇုန်အားလုံးအား အကောင်းဆုံး တိုးတက်မှုကို ပြုလုပ်စေချင် ကြောင်းနှင့် ယခုရုံးသစ်မှာဖွံ့ဖြိုးတိုးတက်မှုအတွက်   တာဝန်ယူမည့်တစ်ခုတည်းသော ယူနစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ၎င်းက လွန်ခဲ့သော တစ်နှစ်ခန့် က တောင်ပိုင်းစီးပွားရေး စင်္ကြန်အစီအစဉ်ကို အစိုးရအဖွဲ့က အတည်ပြုပေးခဲ့ သည်ဟု ဆိုသော် လည်းဖွံ့ဖြိုးရေးကိုတွန်းအားပေးရန်ဌာန(အေဂျင်စီ)မရှိခဲ့၍ စီမံကိန်းမှာ အနည်းငယ်သာ တိုးတက် ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ တောင်ပိုင်းစီးပွားရေးစင်္ကြန်မှာကပ္ပလီပင်လယ်နှင့်ထိုင်းပင်လယ်ကွေ့၊ အိန္ဒိယသမုဒ္ဒရာ တစ်လျှောက်ရှိ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ နှင့် ချိတ်ဆက် ပေးရန် ဖြစ်ပါသည်။

  စီးပွားရေးစင်္ကြန်တွင် ဘတ်ငွေ(၁၀၇)ဘီလီယံတန်ဖိုးရှိ စီမံကိန်း(၁၁၆)ခုပါဝင်ပါသည်။ စီမံကိန်း(၁၁၆)ခုအား Chumphon ၊ Ranong ၊  Surat Thani နှင့် Nakhon Si Thammarat တို့အပါအဝင် စတုရန်းမီတာပေါင်း (၃၀၀,၀၀၀) ပေါ်တွင် တည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပထမဆုံးစီမံကိန်းတွင် ဘတ်ငွေ(၅၀.၃)ဘီလီယံ တန်ဖိုးရှိ စီမံကိန်း(၁၁)ခု နှင့် Ranong ရေနက်ဆိပ်ကမ်း နှင့် ပြည်နယ် (၄)ခုမှ လေဆိပ်များ အဆင့်မြှင့်တင်ခြင်းတို့ပါဝင်ပါသည်။

 ဒုတိယအစီအစဉ်တွင်ဘတ်ငွေ(၃၉.၆)ဘီလီယံတန်ဖိုးရှိစီမံကိန်း(၃၃)ခုပါဝင်သည့်တော်ဝင်ကမ်းခြေခရီးသွားအစုအဖွဲ့ များအကြား ဖွံ့ဖြိုးတိုးတက်ရေးအားတောင်းဆိုလိမ့်မည်ဖြစ်ပါသည်။ ၎င်းတွင် Phetchaburi ၊ Prachuap Khiri Khan ၊ Chumphon ၊ Ranong နှင့် အက်ဒမန်ပင်လယ်ကွေ့တစ်လျှောက်တို့ပါဝင်ကြပါသည်။

     ဝန်ကြီချုပ် ပရာယွတ်ချန်အိုချာ၏နိုင်ငံရေးရာဆိုင်ရာဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် Kobsak Pootrakool က စီးပွားရေးဝန်ကြီးများ အနေဖြင့် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်၏ နောက်တစ်ဆင့်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ကိစ္စများကိုဆွေးနွေးရန်ရှိ ကြောင်း၊  အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စမတ်မြို့တော် ဆိုင်ရာကိစ္စ ရပ် များကိုဆွေးနွေးရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။

 

source :  ဗန်ကောက်မြို့  မြန်မာသံရုံး၊ စီးပွားရေးသံမှူး

Category: International News